Sunday, April 27, 2014

YouTube က သီချင်းတွေ ကို စိတ်ကြိုက်ဒေါင်းယူနိုင်မယ့် Bigasoft Video Downloader

YouTube က သီချင်းတွေ ကို စိတ်ကြိုက်ဒေါင်းယူနိုင်မယ့် Bigasoft Video Downloader

မဂ်လာပါ... သည်နေ့ရေးဖြစ်တဲ့ နည်းပညာလေးကတော့... YouTube က သီချင်းတွေ ဗွီဒီယိုတွေကို
ဆော့ဝဲလ်လေးသုံးပြီး  ဒေါင်းခြင်ကြသူများအတွက်  မျှဝေတင်ပေးလိုက်ပါတယ်..သည်နည်းလမ်လေးကို
ကိုလွင်မင်းဗိုလ် ရေးတင်ထားခဲ့ဖူးပါတယ်  ကျွန်တော် သုံးကြည့်တာလည်းအတော်လေးအဆင်ပြေတယ်...
ဒါနဲ့ ပြန်လည် မျှဝေတဲ့သဘောနဲ့ ခုလို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်..နော်
ဒီ Video Downloader လေးကတော့ YouTube က သီချင်းတွေနဲ့ Video တွေကို အလွယ်တကူ ဒေါင်းယူပေးနိုင်ပြီး.. မိမိတို့ လိုအပ်တဲ့ ဖေါ်မတ်ကိုပါ တခါတည်း ပြောင်းပေးနိုင်တဲ့ ကောင်လေးပါ..။ ဒီ Pro ဗါးရှင်းလေးမှာတော့ သီချင်း၊ Video တွေကို ဖေါ်မတ်မျိုးစုံပြောင်းပေးနိုင်ပြီး.. Mobile Devices, Android Devices တွေနဲ့ Apple Devices တွေအတွက်ပါ အဆင်ပြေစေတဲ့ Pro ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Key လေးတွေပါ ထည့်ပေးထားပြီး အောက်မှာလည်း အသုံးပြုတတ်အောင်ပါ တခါတည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  20 MB ရှိပါတယ်..။ 
အရင်တုန်ုးက တင်ပေးခဲ့ဖူးတဲ့ Clip Converter ဆော့ဝဲလ်လေးနဲ့လည်း YouTube က သီချင်းတွေကို ဒေါင်းယူလို့ ရပါတယ်..။ ဒီကောင်လေးကတော့ ဆော့ဝဲလ်နောက်တမျိုးပါ..။
 အောက်မှာ နှစ်သက်ရာ လင့်ဖြင့် ဒေါင်းယူပါ
ဒေါင်းပြီးတာနဲ့  မိမိတို့ ရလာတဲ့ ဆော့ဝဲလ်ကို Run ပေးလိုက်ပါ...
အပေါ်က ပုံလေးအတိုင်း Full Versoin ဖြစ်ဖို့အတွက် လိုအပ်တဲ့ ကီးတွေ ထည့်ပေးလိုက်ပါနော်
ဒါဆို ဖူးဗားရှင်းသုံးနိုင်ပါပြီ ဒေါင်းယူနည်းကို အောက်မှာဆက်လက်လေ့လာလိုက်ပါ
Past URL ဆိုတဲ့နေရာမှာ မိမိတို့ ဒေါင်းခြင်သော YouTube မှ လင့်ကိုကော်ပီယူလာပြီး ထည့်ပေးလိုက်ပါ
အနီဝိုင်းပြထားသောနေရာများတွင် အမှန်ခြစ်ပေးလိုက်ပါ... ပုံမှာ ပြထားသလို
မိမိတို့ စိတ်ကြိုက် လိုအပ်သလို ဖေါ်မက်တွေကို ပြောင်းလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်...
စိတ်ကြိုက် ကလိကြည့်လိုက်ပါနော်...ဒါဆိုရင် လက်တွေ့ကျကျ သိလာမှာဖြစ်ပါတယ်..
ကဲ သည်လောက်ဆို သဘောပေါက်လောက်ပါပြီနော်... အဆင်ပြေစွာဖြင့် လိုအပ်သမျှကို ဒေါင်းယူ သိမ်းဆည်းနိုင်ကြပါစေ....
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက **************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Advanced SystemCare Pro 7.0.6.361 Final Full Version

Advanced SystemCare Pro 7.0.6.361 Final Full Version

computer ရှိသူတိုင်းဆောင်ထားသင့် တဲ့ advance system care pro
========================================
ကွန်ပျူတာရဲ့ လုပ်ဆောင်မှူ့ ကိုအမြဲအပြုံးလေးတွေနဲ့ ပြပေးမဲ့ advaned system care pro
Windows 2000/XP/Vista/7/8 တွေမှာအသုံးပြုလို့ ရပြီး full version ရမယ်ဗျာ။အသုံးပြုရတာလည်းလွယ်တယ် ကျွန်တော်ဆိုသဘောကျလို့  အမြဲသုံးနေကျပါ တစ်ခုက မိမိကွန်ပျူတာအတွက်သန် ရှင်းရေးလုပ်ပေးဖို့ ဖြစ်ပြီး uninstall လုပ်မရ တဲ့ software တွေကိုရှင်းလင်းပေး ပါတယ်။အိပ်ခါနီးကျလောက်မှာ စက်ကို auto repair  & shut down မှာ အမှန်လေးခြစ်ပေးထားရုံနဲ့ အလိုအလျောက်အလုပ်လုပ်ပေးနိုင်တာမို့ ။စက်ရှင်းဖို့ ပျင်းတဲ့ မိတ်ဆွေတွေအတွက်လည်း
သင့် တော်မှာပါ။သူ့ ကိုအသုံးပြုမယ်ဆိုရင် နှစ်ခုလုံးကို download ယူရမှာဖြစ်ပါတယ်။series key ကိုထည့် မယ်ဆိုရင် အင်တာနက်ကိုပိတ်ပြီးမှထည့် ပါ။





 
 
စိုင်းသူ

IDM Serial + Keypatch + Full Protable !!!! (12Mb)

IDM Serial + Keypatch + Full Protable !!!! (12Mb)

IDM ရဲ့ပြဿနာကိုတော့တော်တော်များများတွေ့မြင်ရတဲ့အတိုင်းပါပဲ.. ကျွန်တော် IDM ကိုလိုချင်တဲ့အချိန်
မှထုတ်သုံးလို့ရအောင် နောက်ထက်လဲ ဘာဘောက် ၊ ညာဘောက်တွေပေါ်မလာအောင် IDM ကို
Serial + KeyPatch.exe တွဲပြီးတင်ပေးလိုက်ပါတယ်။ အထဲမှာလည်း IDM 6.18-7 လေးကိုထည့်ပေး
ထားပါတယ်။ မရှိတဲ့လူတွေအတွက် တစ်ခါတည်းအင်စတောလုပ်ပြီး ဘယ်လို ကီးတွေထည့်ရမယ်ဆိုတာ
အထဲမှာ ပုံတွေနဲ့သေချာရှင်းပြထားပါတယ်။ လိုချင်တဲ့အချိန်မှ ထုတ်သုံးလဲရပါတယ်။ ကျွန်တော်နေမကောင်းလို့ လိုင်းပေါ်တောင်တက်မလာနိုင် 2 ရက်ရှိပါပြီ။ဒါလေးကိုလည်းတင်ပေးမလို့
ချိန်နေတာ လွန်ခဲ့တဲ့ 3ရက်ထဲကပါ။ ဒီနေ့နဲနဲ လန်းလာတာနဲ့ တင်ပေးလိုက်တာပါ။ သုံးကြည့်ပါအဆင်ပြေ
မှာပါ။ အသေးစိတ်ကိုတော့ ဒေါင်းလော့စ်ဖိုင်ထဲမှာ ပုံတွေနဲ့ရှင်းပြထားပါတယ်။

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
နည်းပညာမြို့တော်

Saturday, April 26, 2014

သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)

သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)


မင်္ဂလာပါ။ ကြိုဆိုပါတယ်။ မပြောပြချင်တော့လည်းပြောရတော့မယ့်အနေထားပါ။ ကျွန်တော်ကတော့ လူပြိန်းနားလည်အောင်ကြိုးစားပြီးရှင်းပြမယ်ဗျာ။ နားမလည်ရင် စာရေးသူညံ့တာထက် သင်တို့သေချာမဖတ်ကြလို့ပါ။ မသိသေးသူများအတွက်ပါ။ winkabarkyaw.net ကရေးတာမရှင်းလို့ဆိုလို့ပါ။ ကျွန်တော်လည်း လူပြိန်းပါပဲ။ ကျွန်တော် networkedblogs ကိုမနှစ်ကတည်းကသုံးနေတာပါ။ အလွန်အဆင်ပြေပါတယ်။



http://adf.ly/NUprJ ကိုဝင်လိုက်ပါ။ မရရင် {ဒီမှာကလစ်} ပါ။


ပြီးတာနဲ့ ကျွန်တော်ဝိုင်းထားတဲ့အတိုင်း Get Started Now ကိုဝင်ပါဗျာ။
Facebook အကောင့်ဖွင့်ထားရင်တော့ နောက်တစ်ဆင့်သွားပါ။ မဖွင့်ရသေးရင် ၀င်လိုက်ပါဗျာ။
Log in with Facebook ကိုကလစ်လိုက်ပါ။
Click here to continue  ကိုကလစ်လိုက်ပါ။
Register a Blog ကိုကလစ်ပါ။
ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့နေရာမှာ သင့်ရဲ့ Blogger link ကိုထည့်ပါ။( ဥပမာ - http://techinblogging.blogspot.com ) ပြီးရင် Next ကိုကလစ်ပါ။
အကုန်ဖြည့်ပါ။ Terms of service* ရဲ့ညာဘက်က box ကိုအမှန်ခြစ်ပေးခဲ့ပါ။ Language* မှာ English လို့ပေးပါ။ ပြီးတာနဲ့ Next ကိုကလစ်ပါ။
Yes ကိုကလစ်လိုက်ပါ။
မေးလ်ဝင်လာတာနဲ့ အိုခေပါပြီ။ ကဲ။ ဆက်ဖတ်ရအောင်။
Blogger Dashboard ကိုကလစ်လိုက်ပါ။
Syndication ကိုကလစ်လိုက်ပါ။

Grant Permissons ကိုကလစ်ပါ။
New window အနေနဲ့ ပေါ်လာလိမ့်မယ်။ Allow ကိုကလစ်ပါဗျာ။
(1) Choose a blog to syndicate ရဲ့အောက်မှာ သင့်ရဲ့ Blog နာမည်ကိုရှာပြီးထည့်လိုက်ပါ။ ကျွန်တော့် ဘလော့နာမည်က Tech in Blogging ပါ ဒါကြောင့် အဲ့ဒါပဲရွေးလိုက်ပါတယ်။

Add Facebook Target ကိုကလစ်ပါဗျာ။
ကျွန်တော်ကတော့ Pyae Phyo ဆိုတဲ့ page မှာပဲ Add လိုက်ပါတယ်ဗျာ။ ပြီးရင် Already added ပြပြီးရင် အောင်မြင်ပြီးဆုံးသွားပါပြီ။ ကျွန်တော့်လိုနလပိန်းတုံးများ နားလည်စေအောင်လို့တင်ပေးတာပါ။


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
www.aungsanmks.com 

မိမိFacebook Account Hackခံခြင်းမှကင်းဝေးစေရန် 2Stepနဲ့ကာကွယ်မယ်

မိမိFacebook Account Hackခံခြင်းမှကင်းဝေးစေရန် 2Stepနဲ့ကာကွယ်မယ်

2-step verificationအကြောင်းကို သိရှိပြီးသားသူတွေကတော့ ဒီပို့စ်ကိုမဖတ်လို့ရပါတယ်ခင်ဗျာ....။ ကျွန်တော်အနေနဲ့ 2-step verification အကြောင်းကို အလွယ်အကူဆုံးနဲ့ အရိုးရှင်းဆုံး ရှင်းပြချင်ပါတယ်။ 
2-Step Verificationအကြောင်း
**********************
2 stepနဲ့ကာကွယ်ထားတဲ့ အကောင့်တွေက Securityအရမ်းမြှင့်မားပါတယ်။ မိမိရဲ့ပက်စ်ဝက်သိရင်တောင်မှအဲဒီလူက မိမိရဲ့အကောင့်ကို တခြားနေရာမှာဖွင့်လို့မရပါဘူး။အဓိကကတော့ သူဟာမိမိရဲ့Mobileဖုန်းနံပါတ်နဲ့ ကာကွယ်ထားတာ ဖြစ်ပါတယ်။  ဒီတော့ မိမိဖုန်းက မိမိလက်ဝက်ထဲမှာရှိနေရင် တခြားသူက မိမိအကောင့်Password သိစေအုံးတော့ တခြားDeviceတွေမှာဖွင့်ရင် မိမိPhoneကိုဘဲ Security Codeပြန်ပို့နေတော့အဲဒီCodeမထည့်ပေးချင်း အဲဒီအကောင့်ဟာလုံးဝ မပွင့်ပါဘူး။ 2-Step စတင်လုပ်တဲ့ သင့်ရဲ့Deviceကိုဘဲမှတ်သားထားတာပါ။ သင်ရဲ့Security စတင်လုပ်ဆောင်တဲ့ Deviceမဟုတ်ဘဲ အခြားDeviceမှာ ဖွင့်တာနဲ့Security Codeသင့်ထည့်ထားတဲ့ ဖုန်းနံပါတ်ကို တန်းပို့တာပါဘဲ။2-step Verification ပြုလုပ်ပြီး Securityလုပ်နိုင်တဲ့ Web Services များကတော့ Google,Facebook,Lastpass,Dropbox&SpiderOak,Microsoft, Yahoo,Amazon Web Services(AWS),Battle.net&MMORPGS, အစရှိတာတွေကတော့
ကျွန်တော်သိတဲ့ Web Servicesတွေပါ။

ကဲ.........အပေါ်မှာကတော့ အားလုံးနားလည်အောင် 2-Stepအကြောင်းကို အားလုံးနားလည်အောင် အရိုးရှင်းဆုံးနဲ့ အကြမ်းဖျမ်းရှင်းပြခဲ့တာပါ။
ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ ကမ္ဘာ့Social Networkဖြစ်တဲ့ Facebook ကိုလုံခြုံမူရှိစေရန် 2-stepနဲ့ကာကွယ်နည်းကိုတင်ပြလိုပါတယ်။ ဒီနေရာမှာ ဦးစွာကျွန်တော်ပြောကြားလိုတာကတော့ မြန်မာနိုင်ငံမှ ညီအစ်ကိုမောင်နှစ်မများအတွက်ကတော့ ကျွန်တော့်အနေနဲ့ ဒီနည်းကိုအသုံးပြုပြီး ကာကွယ်နိုင်မယ်လို့တော့ အာမမခံပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးအသိဘဲ ဖေ့ဘွတ်အကောင့် Phone Number lockကျနေရင်တောင်မှ မြန်မာနိုင်ငံမှ ဖုန်းနံပါတ်ထည့်ရင် Comfirm Code ပြန်မပို့လို့ ကျွန်တော်တို့နည်းမျိုးစုံနဲ့အဆင်ပြေအောင် နည်းပညာသမားများကလည်း ရှာဖွေတင်ပြနေတာ အားလုံးအသိပါ။ Comfirm Codeအခက်အခဲ အများစုကြုံတွေ့နေရတာကြောင့်ပါ။ အဆင်ပြေတဲ့ ဖုန်းနံပါတ်တွေလည်း ပြန်ပို့တယ်လို့လည်း ကြားမိပါတယ်။ ယခုအချိန်မှာတော့ ကျွန်တော့်အနေနဲ့ အခြားနိုင်ငံကိုရောက်ရှိနေတဲ့အတွက် ဒီနည်းလမ်းလေးကို အဆင်မပြေခဲ့ရင်တောင်မှ ဗဟုသုတရရှိစေဖို့တင်ပြပေးလိုက်တာပါ။ မြန်မာနိုင်ငံမှ ညီအစ်ကိုမောင်နှစ်မများလည်း ဒီနည်းကိုစမ်းသပ်ကြည့်ပါ။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာအများစုက ဖုန်းတွေနဲ့ အင်တာနက်သုံးနေကြတာများပါတယ်။ ဒီနည်းလမ်းသာ အဆင်ပြေခဲ့မယ်ဆိုရင် ညီအစ်ကို မောင်နှစ်မများအနေဖြင့် မသမာသူလက်ထဲကို မိမိအကောင့်မပါဖို့အပြည့်အ၀ကာကွယ်ပေးနိုင်မှာပါ။

မိမိအကောင့်ကို 2-Step နဲ့ကာကွယ်ထားချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း လိုက်ပါလုပ်ဆောင်နိုင်ပါတယ်။

မိမိအကောင့်ကို 2-Step Verification ပြုလုပ်နည်း
***********************************
ပထမဆုံးအနေနဲ့ မိမိFacebookအကောင့်ရဲ့ Setting>>Pravicy Setting ကိုသွားပါ။
 ပြီးရင်ကျွန်တော်အောက်ကပုံမှာ ပြထားတဲ့အတိုင်း Security>>Login Approvals>>>Edit  ကနေ ပြထားတဲ့နေရာမှာအမှန်ခြစ်လေးပေးလိုက်ပါ။
အောက်ကပုံလေးအတိုင်းပေါ်လာပါမယ်။ Get Started ကိုနှိပ်ပါ။
Continue ကိုနှိပ်ပါ။
မိမိအကောင့် Password ဖြည့်ပါ။ ပြီးရင် Submit နှိပ်ပါ။
ဒီအဆင့်ကိုရောက်ရှိရင် နိုင်ငံCode ရွေးပါ။ မိမိဖုန်းနံပါတ်ထည့်ပါ။ Continue ပေးပါ။
 မိမိဖုန်းကို SMSဖြင့်ပေးပို့လာသော Comfirm Code ကိုထည့်ပေးပါ
အောက်ကပုံအတိုင်းအမှန်ခြစ်ပေးပြီး Close ပေးလိုက်ပါ။
အပေါ်ကအပိုင်းကတော့ မိမိဖုန်းကို 2-step verification နဲ့ ကာကွယ်တဲ့အပိုင်းပြီးသွားပါပြီ။အောက်မှာ Code Generator အသုံးပြုံပုံ Code ထည့်နည်းကို ဆက်လက်ရှင်းပြပါမယ်။

ပြီးရင် Login Approvals ရဲ့အောက်မှာဘဲ Code Generator ဆိုတာရှိပါတယ်။ Edit ကနေပြီးတော့ Enable ပေးလိုက်ပါ။ပြီးရင်း Close နဲ့ထွက်လိုက်ပါ။

Mobile Phone ရဲ့ Facebook Code Generatorသို့သွားနည်း
******************************************
ပြီးရင် မိမိဖုန်းနံပါတ်ထည့်ထားတဲ့ဖုန်းမှာ Facebook Account ဖွင့်ပြီး Setting ကနေ အောက်ကပုံအတိုင်းCode Generator ဆိုတဲ့နေရာကိုသွားပါ။
Code Generator ကိုနှိပ်လိုက်ပါ။အောက်ကပုံအတိုင်းတွေ့ရပါမယ်။ မိမိဖုန်းနံပါတ်ထည့်ထားတဲ့ Device မဟုတ်ဘဲ အခြားကွန်ပျူတာ(သို့) အင်တာနက်ဆိုင်တွေမှာ ဖွင့်မယ်ဆိုရင် ဒီနေရာကိုသွားပြီး Comfirm Code အတွက် ဒီ Code ကိုယူပြီးထည့်ပေးရမှာပါ။ Code Generator က စက္ကန့် 30ကိုနံပါတ်တခုနှုန်းနဲ့ပြောင်းလဲပေးနေပါတယ်။ ဒါကြောင့် မိမိ Deviceမဟုတ်ဘဲမည်သည့်Deviceကိုမဆို Facebook ဖွင့်ချင်ရင် Comfirm Code တောင်းပါလိမ့်မယ်။ အဲဒီ Comfirm Code အတွက် 
ဒီနေရာမှာလာရောက်ယူပြီး ထည့်ပေးရမှာပါ။
Login Approvalsထဲမှာ Get Codes ရယူနည်း
*********************************
ကဲ..........ဟုတ်ပြီ။ မိမိကလည်း အင်တာနက်ဆိုင်(သို့) ရုံးကွန်ပျူတာမှာ Facebook ဖွင့်ချင်တယ် ဖုန်းကလည်း အိမ်မှာအကြောင်းကြောင်းအမျိုးမျိုးကြောင့် မေ့ကျန်ခဲ့တယ်။ ကိုယ့်ရူးကိုယ်ပတ်နေတယ်ဆိုရင်
ဒီနည်းနဲ့လည်းလုပ်ဆောင်နိုင်ပါသေးတယ်။ ကြိုတင်လုပ်ဆောင်ထားဖို့တော့ လိုအပ်တာပေါ့။

အပေါ်မှာကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့နေရာ Loin Approvals ဆိုတဲ့နေရာကို ပြန်သွားပြီး                                                        Edit ကိုနှိပ်ပါ။
Get Code ဆိုတာကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း Code 10 ခုရရှိမှာဖြစ်ပါတယ်။ ဒီ Code တွေက Print ထုတ်ပြီးတော့ဘဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ပြီး သိမ်းထားပြီး Phone နဲ့အလှမ်းဝေးတဲ့နေရာတွေမှာ Phone ထဲမှ Code ကိုမယူဘဲ အောက်ပါ Code   တွေကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။
အပေါ်က Code တွေကို အခြားသူတို့သိရှိသွားတာဘဲဖြစ်ဖြစ် မိမိသိမ်းထားတဲ့ Code စာရွက် ပျောက်ပျက်သွားတာဘဲဖြစ်ဖြစ် Get New Codes ဆိုတဲ့နေရာသွားပြီး Code အသစ်တွေယူလို့ရပါတယ်ခင်ဗျာ........
Facebook Account Login ၀င်တဲ့နေရာမှာ 2-Step သုံးထားသူများမှာ အရင်တုန်းက 
E mail များထည့်သွင်းအသုံးပြုတဲ့နေရာမှာ E mail(သို့) Phone Number ထည့်ပြီးတော့လည်း (၂)မျိုးလုံးနဲ့လည်း ထည့်နိုင်ပါသေးတယ်။
2-stepပြုလုပ်ထားသော Browserနှင့် Deviceများမှလွဲပြီး အခြားBrowserများသို့ဝင်နည်း
*************************************************************
မိမိ 2-Step ပြုလုပ်ထားသော Browser မှလွဲပြီး(ဥပမာ-မိမိက Chrome Browser မှာ လုပ်ထားတယ်။ အဲဒီစက်မှာဘဲ Firefox Browser မှာပြောင်းဖွင့်ခြင်တယ်)
အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။ အဒီ Enter Codeဆိုတဲ့ နေရာမှာ Code Generator မှ Code တခုကိုထည့်ပေးလိုက်ရင် ဖွင့်လို့ရပါတယ်။
အလားတူ Windows Store မှာပါဝင်တဲ့ Metro Social,Mine For Facebook,အခြား Applicationများဖြစ်တဲ့ Facebook Messanger,IMO,Difsby  အစရှိတာတွေမှာ F acebook login ကိုဝင်ရင်အပေါ်က ပုံအတိုင်းပေါ်လာမှာဖြစ်ပြီး Enter Code ဆိုတဲ့နေရာမှာ
Code Generator(သို့) Get Code မှရရှိထားတဲ့ Code 10လုံးထဲမှတခုကို ထည့်လိုက်ရင်
အဆင်ပြေပြေနဲ့ဖွင့်လို့ရသွားပါပြီ

2-Step veriicationနဲ့ မိမိအကောင့်ကိုကာကွယ်ခြင်း နည်းလမ်းများကို ကျွန်တော် တင်ပြခဲ့တာ အားလုံးနားလည်ကြမယ်လို့လည်းထင်ပါတယ်။ မြန်မာနိုင်ငံမှ ညီအစ်ကိုမောင်နှစ်များအနေဖြင့် ဒီနည်းလမ်း
အဆင်ပြေသည် မပြေသည်ကို ဆော့ဝဲမြို့တော်Fan Page တွင် Commentများပေးသွားပါ။ အဆင်ပြေသူများရင် ကျွန်တော်အနေဖြင့် PDFထုတ်ပြီး ပြန်လည်တင်ပေးပါမယ်။ အဲဒီPDFထဲမှာ Phone နံပါတ်ရောင်းမည့်သူများ(သို့)2-step verificationအတွက် Phone numberလဲချင်သူများ,2-step ဖြုတ်နည်းများကို ထည့်သွင့်ရေးပေးသွားပါမယ်။နိုင်ငံခြားမှ ညီအစ်ကိုမောင်နှစ်မများကတော့ ဒီနည်းလမ်းလုံးဝအဆင်ပြေပါတယ်လို့ အာမခံပါတယ်ခင်ဗျာ........
အားလုံးဘဲအဆင်ပြေပြီး မိမိအကောင့် ခိုးယူခံရခြင်းမှ ကင်းဝေးကြပါစေ

Easy Install Myanmar Fonts for Android Root !!!

Easy Install Myanmar Fonts for Android Root !!!

Root ဖောက်ထားတဲ့ Android ဖုန်းတော်တော်များများကို လွယ်ကူစွာနဲ့မြန်မာဖောင့်သွင်းဖို့အတွက်
Apk လေးကိုတင်ပေးလိုက်ပါတယ်။Mobile Application ရဲ့ Product ဖြစ်တဲ့ Font Changer လေးနဲ့
အသုံးပြုသွားမှာပါ။ အောက်မှာအရင်ဒေါင်းလော့စ်ဆွဲလိုက်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ Superuser Request မေးလာလျှင် Allow လုပ်ပေးပါ။ ဒါဆိုAuto-Rebootလုပ်နေပါမယ်။
ပြန်တက်လာရင်တော့ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။ Keyboard အတွက် ဒေါင်းလော့စ်ဖိုင်ထဲမှာပါတဲ့
Apk လေးကိုထည့်ပေးလိုက်ပါ။ ပြီးရင် Install လုပ်လိုက်ပါ။ ဖုန်းရဲ့ Setting > Language & Input ကို သွားပါ။ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆို မြန်မာလိုလည်း ရိုက်လို့ရပြီ ဖြစ်ပါတယ်။




http://dl-4.one2up.com/onetwo/content/2013/12/1/67f7e02496acb41de6fb70d19a40ba87.zip

http://www.solidfiles.com/d/f9677a48d7/

http://www12.zippyshare.com/v/65182490/file.html 

Facebook Official version v-7.0.0.0.28

Facebook Official version v-7.0.0.0.28

Fb v-8 သုံးရတာ အဆင်မပြေသူများအတွက် fb v-7.0.0.0.28 လေး သုံးကြည့်ပါ... photo နဲ့ comment ပေးနိုင်ပါတယ်...like,share,post အားလုံး အဆင်ပြေ ပါတယ်...ရှိပြီးသား fb အဟောင်းကို uninstall အရင်လုပ်ပေးပါ...ပြီးမှ ဒီကဒေါင်းပြီး install လုပ်ပါ...အဆင်ပြေကြပါစေဗျာ...
https://copy.com/aX4sXN2KVL4iVSm
Facebook Official version v-7.0.0.0.28

Fb v-8 သုံးရတာ အဆင်မပြေသူများအတွက် fb v-7.0.0.0.28 လေး သုံးကြည့်ပါ... photo နဲ့ comment ပေးနိုင်ပါတယ်...like,share,post အားလုံး အဆင်ပြေ ပါတယ်...ရှိပြီးသား fb အဟောင်းကို uninstall အရင်လုပ်ပေးပါ...ပြီးမှ ဒီကဒေါင်းပြီး install လုပ်ပါ...အဆင်ပြေကြပါစေဗျာ...
 

GiliSoft USB Stick Encryption 5.1.0


 
GiliSoft USB Stick Encryption ရဲ့ဗားရှင်းအသစ်လေးကိုမျှဝေလိုက်ပါတယ်၊ဒီဆော့လ်ဝဲက သူငယ်ချင်းတို့ရဲ့ USB stick တွေကိုလုံခြုံအောင် password ထားနိုင်ဖို့သီးသန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်၊USB sticks ထဲမှာထည့်ထားတဲ့ contents တွေကို တစ်ခြားတစ်ယောက်က password မသိရင်လုံးဝမမြင်နိုင်ပါဘူး၊256-bit AES on-the-fly encryption စနစ်ကိုအသုံးပြုထားပါတယ်၊ဒီဆော့လ်ဝဲကို window xp, vista, 7 , 8 တင်ထားတဲ့စက်တွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်၊ဒီဆော့လ်ဝဲရဲ့လုပ်ဆောင်ချက်အပြည့်အစုံကို
အောက်မှာဖတ်နိုင်ပါတယ်၊အားလုံးအဆင်ပြေပါစေ။

Download >> Link 1 / Link 2

Android ဖုန်းမှာScreenshot လွယ်လွယ်ကူကိုရိုက်မယ် ဆိုရင် Easyscreenshot V1.1.58


အခု့ ကျနော် ပေးချင်တာကတော့ အသစ်မဟုတ်ပေမယ့် တခါတရံမှာ Android user တွေ

အတွက် လိုအပ်လာတက်ပါတယ်။ဘလော့ရေးနေတဲ့ ကျနော် သူငယ်ချင်းတွေနဲ့ developer

တွေအတွက်လည်း အသုံးဝင်ပါတယ် ခင်ဗျ။ ဖုန်းရဲ့ မျက်နှာပြင်ကို လွယ်လွယ်ကူကူ နဲ့ ဓါတ်ပုံ

ပြန်ရိုက်လို့ရတယ်။ဖုန်းရဲ့ original ပါတဲ့ function မျိုးလေးပဲ သုံးလို့ကောင်းတယ်။

Screen shot ရိုက်ပြီးတော့ မိမိ ရိုက်ထားတဲ့ ပုံကို ပြန်ပြီးတော့ Edit လုပ်လို့ရတယ်။

အသုံးပြု့စရာ  ၂ ခု့ပဲ နှိပ်ပေးရမယ် 

စတင်အသုံးပြု့တော့မယ် ဆိုရင် start capture လေးကို နှိပ်ပေး၇မယ်

( ၁ )Volume down  နဲ့ power ခလုတ် ကိုတပြိုင်နက်တည်းနှိပ်ပေးရမယ်။

           နှိပ်ပြီး ပြီးချင်း လက်ကလည်း တခါတည်းလွှစ်မပစ်နဲ့နော် သူရိုက်ပြီးတဲ့အထိတော့

           နည်းနည်းတော့စောင့်ပေး

( ၂ ) သူရဲ့ shotcut icon လေး ကို နှိပ်ပေးပြီးရိုက်လို့ရတယ်



မိမိ screenshot  ယူပြီးသား ပုံတွေကိုလည်း sdcard/easyscreenshot မှာ 

သွားကြည့်လို့ရတယ်။

Back Ground Themes ကိုလည်း ပုံစံ အရောင် ၃ မျိုး ပြောင်းလို့ရတယ်

သစ်သားရောင်၊အမည်းရောင် နဲ့ ငွေ ရောင် တို့ပါတယ် ဒါကြောင့် မိမိကြိုက်နှစ်သက်ရာ

အရောင်တွေကို setting ထဲမှာဝင်ပြောင်းပြီး အသုံးပြု့လို့ရတယ်


Description

Easy Screenshot gives you the easiest way to take screenshots.1. You can take a screenshot with just one tap on the screen or press power button and volume down button at the same time, or press power button and home button at the same time.
2. You can specify the folders which the screenshots will be saved as images.
3. You can preview the screenshot and decide saving it or discarding it.

Note: If your phone's OS is under 4.0 and is not rooted, this app will not be able to capture image
Keywords:
snapshot screen capture






DOWNLOAD FROM GOOGLE PLAY 


DOWNLOAD FROM MILOSHARE
 
ကိုလတ်(ကျွဲဆင်း)




chrome မှာလော့ကျရင်



ကျနော် ရဲ့ ဘော်ဒါတွေ ထဲမှာ Google Chrome ကို သုံးစွဲကြတဲ့ ဘော်ဒါတွေရှိမှာပါ

Loading ကြာချိန်လည်း  နည်းတယ် Firefox ထက် မြန်ဆန် သွက်လက်တော့ သုံးစွဲကြမှာပါ

ကျနော် ကတော့ သုံးပါတယ်။ Google Chrome User တယောက်အနေနဲ့ LOG IN ဝင်ပြီးတော့ 

သုံးပါတယ်။ ဘာကောင်းလည်း ဆိုတော့ ဒီမှာ Sign up လုပ်ထားချင်းအားဖြင့်

မည်သည့် နေရာ မည်သည့် PC မှာ မဆို မိမိ သုံးစွဲနေကြ Bookmark တွေ Mail တွေကို

ပြန်လည်ရရှိပါတယ်။ ဒီထက်ပိုတာတွေလည်းရှိပါတယ်။windows အသစ် တင်လိုက်လို့

Google Chrome အသစ်ပြန်ဆွဲမယ် ဆိုပါစို့ မိမိ သုံးနေကျ အကောင့်နဲ့ password ကို ပေးပြီး

ပြန်ဝင် မယ် ဆိုရင် မိမိ အကောင့်နဲ့ ပါက်သက်သမျှတွေ ပြန်လည်ရရှိပါတယ်။

အိုကေ အခု့ ပြောချင်တာက Chrome ကို သုံးပြီး Gmail တွေ Facebook တွေ ဖွင့်ထားမယ်

password တွေကိုလည်း save ထားမယ် ဆိုပါစို့  ။ ဥပမာ Facebook ကိုဖွင့်မယ် 

password တွေကို save ( Remember Passwordလုပ်) ထားတဲ့ အတွက်  

facebook မှာ user name တွေ password တွေကို

ပြန်ရိုက်နေစရာ မလိုဘူး Facebook ကြီး တန်းပွင့် လာမယ် ။ဟုတ်တယ်နော်

အဲ့ဒီလို သုံးတာများလာလို့ ဒါမှမဟုတ် ဘယ်လို အကြာင်းနဲ့ ဖြစ်ဖြစ် passwoord တွေ

မေ့နေပြီ ဆိုရင် ဘယ်လို ပြန်ကြည့်လို့ရနိုင်တယ် ဆိုတာကို အောက်မှာ ပုံလေးနဲ့ ပြထားပေးပါတယ်
Google Chrome ရဲ့ Latest Version ကိုလိုချင်ရင် ဒီမှာဒေါင်းလိုက်ပါ

 လုပ်နည်းလေး ကိုတော့ အောက်မှာ ကြည့်လိုက်ပါ။လူတိုင်းတောင် သိနေမလား

မသိဘူး ခင်ဗျ။လုပ်နည်းလေးက လွယ်ပါတယ်။သတိမမူ ရင်သာ မမြင်ရပဲ နေမှာပါ


 အပေါ်က ပုံအတိုင်း Google Chrome ရဲ့ ညာဘက်ဒေါင့် အပေါ်နားလေးက

ဘေးတိုက် မျဉ်း ၃ ကြောင်း ကို နှိပ်ပြီးတော့ setting ကိုသွားလိုက်ပါ


 setting ထဲကို ရောက်ပီ ဆိုရင် Show Advanced setting ကို ဆက်နှိပ်လိုက်ပါ



 Password and Forms ကိုရောက်ပြီ ဆိုရင် Manage Save Password ကို ဆက်နှိပ်လိုက်ပါ



အထဲမှာ မိမိ အသုံးပြု့ရန် save လုပ်ထားတဲ့ Password တွေကို မြင်ရပါအောင်

မိမိ လိုချင်တဲ့ password နေရာကို ကလစ်လိုက်ပါ ။ password နေရာမှာ Show လို့ ပေါ်လာပါပြီ

အဲ့ဒါ ဆိုရင် မိမိ password ကို ပြန်မြင်ရပါပြီ။ကြည့် ပြီးရင်တော့ Hide ကို ပြန် နှိပ်ထားလိုက်ပေါ့

 မိမိ သုံးစွဲ သလောက် password တွေကို ဒီနေရာမှာ မြင်ရပါတယ် ခင်ဗျာ။

Password တွေကို save တယ် ဆိုတာလည်း Internet Cafe တို့ သူငယ်ချင်းတို့ ဆီမှာ 

သွား မ save နဲ့ ..နားကားနေမှာစိုးလို့ပြောတာ .ခ်ခ်။ 

တခြားလူ နဲ့ မျှဝေ သုံးစွဲခြင်း မရှိတဲ့ မိမိ ကိုယ်ပိုင်စက်တွေမှာပဲ save လုပ်ထားသင့်ပါတယ် 



 ကိုလတ်(ကျွဲဆင်း)


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ