Phone SMSကို ကွန်ပျူတာမှ Chrome Browserကနေ ပို့မယ်
ဒီနည်းကတော့ အချို့သိပြီးသားသူများတော့ ကျော်ဖတ်သွားနိုင်ပါတယ်။ မသိသေးသောသူများအတွက်ရည်
ရွယ်ပြီးပြန်လည်တင်ပြထားတာပါ။ ဒီနည်းက PhoneမှာSMSတွေရိုက်မဲ့အစား ကွန်ပျူတာကနေပေးပို့တာပါ
ဒီနည်းကိုအသုံးပြုဖို့အတွက် ဖုန်းထဲမှာ Mightext Apkနှင့် Chrome Extensionကိုသုံးပြီး G mailအကောင့်
ဝင်ထားခြင်းဖြင့်ဆက်သွယ်ထားတာဖြစ်ပါတယ်။ ဒီနည်းကိုအသုံးပြုဖို့အတွက် အင်တာနက် ချိတ်ဆက် ထားဖို့တော့လိုအပ်တာပေါ့။ ဘာတွေကောင်းလဲဆိုရင် SMSတွေကို ကွန်ပျူတာနဲ့မြန်ဆန်စွာ အပြိုင်လည်း
ပေးပို့နိုင်ပါတယ်။ SMS BOXမျာစွာဖွင့်ပြီ်းတော့ မိမိပို့ချင်တဲ့သူများဆီကို အပြိုင်ပေးပို့လို့ရပါတယ်။ ဒီနည်း ပြုလုပ်ပြီးအသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာဖတ်ကြည့်ပြီး ပြုလုပ်နိုင်ပါတယ်။

Mightytext ဆိုတဲ့ဆော့ဝဲလ်လေးကို အောက်မှာဒေါင်းပါ။
ဒီမှာဒေါင်းပါ
Playstoreမှဒေါင်းရန်
ပြီးရင် ဆော့ဝဲလ်ကို ဖုန်းထဲမှာ Installလိုက်ပါ။ ပြီးရင်ဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်းပေါ်လာပါမည်။
မိမိဖုန်းထဲမှာရှိတဲ့ Gmail Accountမှ ကြိုက်နှစ်သက်ရာအကောင့်ကိုထည့်နိုင်ပါသည်။
ပြီးရင် Complete Setup ကိုနှိပ်ပါ။
အောက်ကပုံကိုရောက်ရှိလာပါမည်။Allow Access ကိုဘဲနှိပ်ပါ။
နောက်ဆုံးအောက်ကပုံအတိုင်ရောက်ရှိပြီဆိုရင်တော့ ဖုန်းထဲမှာ လုပ်ဆောင်ခြင်းပြီးပါပြီ။
Computerမှာ Chrome Browserကိုဖွင့်လိုက်ပါ။အောက်က Extensionလေးကို ChromeမှာInstallလိုက်ပါ။Mightytext Extension
Installပြီးရင် Chromeရဲ့ ညာဘကဒေါင့်မှာ M ဆိုတဲ့တံဆိပ်လေးပေါ်နေမှာပါ။ အဲဒါလေးကိုနှိပ်လိုက်ပါ။
G mail မ၀င်ရသေးရင်း ဖုန်းမှာဝင်ထားတဲ့မေးလ်ကိုဘဲဝင်လိုက်ပါ။အောက်ကပုံအတိုင်းပေါ်လာပါမယ်။
Allow ကိုနှိပ်ပေးလိုက်ပါ။အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပြီး SMSများကို ကွန်ပျူတာဖြင့်အလွယ်တကူ ချိတ်ဆက်ပေးပို့နိုင်ပါပြီ။
အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)

No comments:
Post a Comment
Mingalar par I want to friend you.